Friday, July 1, 2011

လူကြီးသူငယ်နာ ဦးသန့်

လူကြီးသူငယ်နာ    ဦးသန့် 
ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။

ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။

သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေက၀နိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။

Thursday, April 16, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ ရက်စွဲသမိုင်းများ။ (စာမူကြမ်း)

မောင်အောင်ဆန်း(ကိုအောင်ဆန်း)၏ ကျောင်းသားဘ၀ ရက်စွဲသမိုင်း။
၁၉၁၅၊ ဖေဖ၀ါရီ ၁၃ စနေနေ့။ ။ (၁၂၇၆-ခု၊ တပေါင်းလဆန်း ၁ ရက်)လင်းအားကြီးအချိန်တွင် နတ်မောက်မြို့၌ အဖ ဦးဖာ အမိ ဒေါ်စုတို့မှ ဖွားမြင်။ ငယ်စဉ် ထိန်လင်းဟုခေါ်၍ အစ်ကို အောင်သန်းအမည်နှင့်လိုက်ရန် အောင်ဆန်းဟု ခေါ်တွင် အမည် တပ်ပေးခဲ့သည်။

၁၉၂၂ ။ ။ အသက် ခုနှစ်နှစ်အရွယ် နတ်မောက်မြို့ ဒီပင်္ကရာကျောင်း ခေါ် ဆရာတော်ဦးသောဘိတ ကျောင်းတွင်ပညာ စသင်။

၁၉၂၆ ။ ။ အသက် ၁၁ နှစ်အရွယ်တွင် ရှင်သာမဏေပြု။

၁၉၂၈ ။ ။ အသက် ၁၃ နှစ်အရွယ်တွင် နတ်မောက်ကျောင်းမှ မြန်မာလို ခြောက်တန်းအောင်။

၁၉၂၈ ။ ။ အသက် ၁၃ နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသားအထက်တန်းကျောင်း(နေရှင်နယ်ကျောင်း) တွင်ပညာသင်။

၁၉၃၀ ။ ။ အင်္ဂလိပ် မြန်မာ ၇-တန်းစာမေးပွဲကို စကောလားရှစ်နှင့်အောင်၍ တလလျှင် ၁၀ကျပ် ချီးမြှင့်ခံရ။

၁၉၃၁ မေ ၁၈ ။ ။ ဖခင်ဦးဖာ နတ်မောက်မြို့တွင်ကွယ်လွန်။( မိခင် ဒေါ်စုသည် အသက် ၇၅-နှစ်အရွယ် ၁၉၅၁-ခု ဒီဇင်ဘာ ၃-ရက်တွင် နတ်မောက်၌ပင် ကွယ်လွန်သည်)။

၁၉၃၂ ။ ။ ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်း မှ အင်္ဂလိပ် မြန်မာ ၁၀တန်း စာမေးပွဲ ကို (က) တန်းမှ မြန်မာစာ နှင့် ပါဠိဘာသာ ဂုဏ်ထူးဖြင့် အောင်သည်။

ကိုအောင်ဆန်း၏ တက္ကသိုလ်ကျောင်းသားဘ၀ ရက်စွဲသမိုင်း။

၁၉၃၂ ။ ။ ရန်ကုန်တက္ကသိုလ်သို့ ရောက်သည်။